တွံတေး ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ထူးချွန်ထက်မြက်သော အားကစားသမာများ ပေါ်ထွန်း လာစေရန်နှင့် ကျန်းမာကြံခိုင်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက်(၇)နာရီက ဖွင့်ပွဲအခမ်းအနားကို မြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အဖွင့်ပွဲစဉ်တွင် ရှမ်းစုအသင်းနှင့် ကွမ်းခြံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။
ပြိုင်ပွဲတွင် တွံတေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီးမှ အသင်း(၁၀) အသင်းကို အုပ်စု(၂)အုပ်စု ခွဲကာအုပ်စု(က)တွင်ရှမ်းစု၊ ကွမ်းခြံ၊ ဌာနပေါင်းစုံ၊ကျွန်းတော၊ အိုးဖို အရှေ့အသင်းတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် စျေးသစ်၊ ရွှေဆံတော်၊ အိုးဖိုအနောက်၊ မင်းပိုင်း၊ အုန်းပင်စု အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကာ ပြိုင်ပွဲဝင်ကစားသမား(၂၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို နံနက်၈နာရီတစ်ပွဲနှင့်ညနေ၃နာရီတစ်ပွဲတစ်နေ့ (၂)ပွဲနှုန်းဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကာ ဗိုလ်လုပွဲကို လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်ညနေ၃နာရီတွင် မြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
တွံတေးမြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ရာ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်၊ မာရသွန်း အပြေးပြိုင်ပွဲများ ထည်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား