ဘူးသီးတောင် ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေးအတွက် မေယုမြစ်ဖျားသဘာဝရေပြင်အတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ် မျိုးစိုက်ရာသီအတွက် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် က ဘူးသီးတောင်မြို့နယ် မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေ့ဉီးစွာ မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီထွေးမှ ငါးမျိုးများစိုက်ထည့်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းမှ ငါသားပေါက်များကို (မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှူကော်မတီ) ထံသို့ အသီးသီးပေးအပ်ခဲ့ရာ အခမ်းအနား တက်ရောက်လာကြသူများမှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဘူးသီးတောင်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီထွေးနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှူးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မေယုမြစ်ဖျား သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်များကို တပျော်တပါး စိုက်ထည့်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ငါးသားပေါက်လွှတ်ပွဲတွင် ငါးမြစ်ချင်း ၂လက်မအရွယ်အစား (တစ်သောင်း)၊ ရွှေဝါငါးကြင်း (လေးသောင်း)နှင့် ထိုင်းငါးခုံးမကြီးကောင်ရေ (တစ်သိန်းခြောက်သောင်း)၊ စုစုပေါင်း (နှစ်သိန်းတစ်သောင်း) ရှိကြောင်း ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဆန်းဝင်းထံမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး မြတ်မင်းမိုး၊ မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)