လဲချားတွင် အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့သွားလာသူများနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေပေး

လဲချား     ဒီဇင်ဘာ     ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာပြောင်း ရွှေ့သွားလာသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့နံနက်(၈)နာရီအချိန်က မြို့မစျေးနှင့် ပျံကျစျေးရှေ့တွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာ ပြောင်းရွေ့သွားလာသူများနေ့ အထိမ်းအမှတ်အဖြစ် ဖြန့်ဝေသော လက်ကမ်းစာစောင်များမှာ မိသားစုပြန်လည်ဆက်သွယ်ပေးရေး၊ ရွှေ့ပြောင်းမသွားလာမီ သင်သိထားရမည့် အချက်အလက်များလက်ကမ်းနှင့် မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့ စုပေါင်းအား ဆောင်ပုဒ်ပါသော့ချိတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း  သိရသည်။

လွှမ်းသူနောင်  (လဲချား)