သီပေါ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ အမှတ်(၁) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျား/မ မီတာ ၅၀ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ ၊ ဖယောင်းတိုင်မီးထွန်းပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် ထုပ်စီး တိုးစသည့်ပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အားကစားပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူကလေးများ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လွတ်လပ်ရေးအား အသက်နှင့်ယှဉ်ကာ တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက ပြောပြခဲ့ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)