နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

နတ်တလင်း  ဩဂုတ်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည(၈)နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွတို့တွင် မြို့နယ် မီးသတ်ဦးစီးဌာနနှင့်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

နှိုးဆော်ချက်များတွင် နတ်တလင်းမြို့နယ်သည် (၃၁.၇.၂၀၂၁) နေ့မှစတင်၍  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် Stay at Homeမြို့နယ် အဖြစ်သတ်မှတ် ထားရှိသည့်အတွက် လုပ်သားပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေဈေး၀ယ်ထွက်ရန်အတွက်(၁)အိမ်လျှင် (၁)ဦးသာ သွားရောက်ရန်၊ ဆေးရုံ/ဆေးခန်းသွားရောက်ရန်ရှိပါက (၁)အိမ်လျှင်(၂)ဦးသာ သွားရောက်ရန်၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ လုံး၀(လုံး၀)ထွက်ခြင်းမပြုကြရန် လိုအပ်ပြီး ယခုအခါတွင် နေအိမ် ပြင်ပသို့မလိုအပ်ဘဲထွက်ခွာနေ သူများ၊ မိသားစုအလိုက် ထွက်ခွာနေသူများအား စိစစ်တွေ့ရှိရသည့်အတွက် ခွင့်ပြုချက်မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာနေသူများအား သဘာ၀ဘေးစီမံခန့်ခွဲရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ကို အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရှိရသည်။

ဝေယံဖြိုး