ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေး ဝန်ထမ်းများနှင့် Volunteer များအား အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ငွေပေးအပ်

ဝေါ သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း များနှင့် Volunteer များအား အထောက်အကူပြုပစ္စည်းများ လှူဒါန်းပွဲကို ဝေါမြို့နယ်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ် လှူဒါန်းရာ ကိုဗစ်-၁၉ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများအား ငွေသား ၄၁ သိန်း ထောက်ပံ့ခြင်း အတွက် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်မျိုးသိမ်းနှင့် Volunteer အသင်းအဖွဲ့များကိုယ်စား ဝေါမြို့အခမဲ့နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဖိုးချိုတို့မှ လက်ခံရ ယူသည်။

ကိုဗစ်-၁၉ ရောဂါ ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်း (၄၁) ဦးအတွက် ထောက်ပံ့ငွေ (၄၁) သိန်း၊ စေတနာ့ဝန်ထမ်း Volunteer များအတွက် လက်ဖက်ထုတ်နှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်ချုပ်နိုင်ရေးနှင့် ရောဂါပိုးတွေ့ရှိပြီး ကုသရေးစင်တာများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအတွက် အောက်ဆီဂျင်လိုအပ်မှုများရှိနေသည်ဖြစ်ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စီမံကြီးကြပ်၍ မြို့မိ၊ မြို့ဖများ၊ ကုသိုလ်ရှင်များ စုပေါင်းမတည်လှူဒါန်းငွေများဖြင့် တည်ဆောက်သည့် အောက်ဆီဂျင်စက် တပ်ဆင်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း