သတင်းများ

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၂၁၂၀စင်တီမီတာရောက်ရှိ ရန်တဖြည်းဖြည်းနီးလာ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယနေ့ နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ မှတ်သည် ၂၀၇၁ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၄၉ စင်တီမီတာလိုတော့ကြောင်းညောင်ဦးမြို့မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနထံကသိရသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာတွင် မိုးစပါးများစိုက်ပျိုးလျက်ရှိ
Aug 27,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ခုနှစ်မိုးရာသီ မိုးစပါးများကို ထွန်ယက် စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆင်ချည်တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်စိုး ၏လယ်မြေ ၁ဧကတွင်လည်း ကိုင်းဆည်ရေကိုအသုံးပြု၍ မိုးစပါးများစိုက်ပျိုးလျက်ရှိကြကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် သစ်တော်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ်ထုတ်ချေးပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု ၊ သစ်တော်ကျေးရွာတွင် ကျေးလက်နေ ပြည်သူ များ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဉ္စမအကြိမ်မြောက် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campagin အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိ
Aug 27,2021
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြိူ့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း MaskCampagin ဆောင်ရွက် ခြင်းကို မြို့ပေါ်ရပ်ကွက်များ လမ်းဆုံလမ်းမများ၌ ယနေ့ နံနက်၈နာရီအချိန်က အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် ဝန်ထမ်းများနှင့်အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍  အထက မင်းကွက် ၂ ရပ်ကွက်၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တနင်္သာရီမြို့ မြစ်ရေလွှမ်းခဲ့သည့် ရေတွင်းများအား ကလိုရင်းဆေးခတ်ပေးခြင်းဆောင်ရွက်
Aug 27,2021
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ်အတွင်း၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်းကမြစ်ရေ ကြီးမှုဖြစ်စဉ်ကြောင့် မြစ်ရေလွှမ်းခဲ့သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာရှိ သောက်/သုံးရေတွင်းများအား ဆေးတွင်းဆေးမှုတ်ခြင်းနှင့် ကလိုရင်းဆေး ခတ်ပေးခြင်းအား ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က လိုက်လံဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန်မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်လွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မြေပဲမျိုး(၂)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ပညာပေးကွင်းသရုပ် ပြပွဲကျင်းပ
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ရုံးဝန်းအတွင်းတွင် စိုက်ပျိုးထားသော မြေပဲ (၂) မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်ခန့်က စိုက်ပျိုး ရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။