ချောက် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်Mobile RDT Test Kit ယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က သြဇာတောကျေးရွာ အုပ်စု ဩဇာတောကျေးရွာဒေသခံ ပြည်သူများအားကျေးရွာအရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် ဦးဆောင်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ချောက်GTIကိုဗစ်-၁၉ရောဂါစစ်ဆေးရေးစင်တာတွင် အမျိုး သား(၂)ဦးကိုRDT Test Kit စစ်ဆေးရာကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိကြောင်း၊ သြဇာတောကျေးရွာအုပ်စု ဩဇာတောကျေးရွာ ဒေသခံပြည်သူ(၄)ဦးကို RDT Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာတွင် ပိုးတွေ့သူအမျိုးသမီးတစ်ဦးတွေ့ကြောင်း သိရသည်။
အဆိုပါပိုးတွေ့သူအမျိုးသမီးအားနေအိမ်တွင် ၁၄ ရက်အပြင်ထွက်ခွာသွားလာမှု ကန့်သတ် ထားပြီး ကျန်းမာရေးနှင့်စားသောက်မှုတို့အတွက် ယင်းကျေးရွာကျန်းမာရေးမှူးနှင့် ဩဇာတောကျေးရွာလူငယ်အဖွဲ့ကတာဝန် ယူစောင့်ရှောက်မည်ဖြစ်ကြောင်းသိရပြီးMobile RDT Test Kit ယာဥ်ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများအပြင် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့်(Mask)များ ဖြန့်ဝေပေးခြင်း လုပ်ငန်း များကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)