သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး

သပိတ်ကျင်း သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကာကွယ် ဆေး ထိုးနှံခွင့်ရှိသည့် သတ်မှတ်အုပ်စုများအလိုက် စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ (၂၆)ရက်နေ့တွင် အုံးဇုံးကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုတို့တွင် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ကျေးရွာများအရောက် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အုံးဇုံးကျေးရွာအုပ်စု၌ ဇရပ်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ချောင်းကြီးကျေးရွာအုပ်စု၌ မဟာအတုလ ဓမ္မာရုံတွင်လည်းကောင်း ဆရာတော်သံဃာတော်များ၊ အသက် (၆၅)နှစ် အထက် အဖိုးအဖွားများ၊ စျေးသူစျေးသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများကို ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲ တာဝန်ရှိသူများက ထိုးနှံပေးခဲ့ပြီး  ဘော်လန်ဒီယာများက  ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းသို့ ကိုဗစ် -၁၉ကာကွယ်ဆေးများ ထိုးနှံပေးနေမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။

ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင်  အုံးဇုံးအုပ်စု ဇရပ်ကွင်းကျေးရွာတွင်  ဆရာတော် သံဃာတော် အပါး (၂၀)၊ အသက် (၆၅)နှစ်အထက် ကျား (၁၃)ဦး၊ မ (၁၈)ဦး၊ စျေးသည်၊ ဆီဆိုင်၊ စားသောက်ကုန်လုပ်ငန်းများတွင် လုပ်ကိုင်နေသူ ကျား (၄၇)ဦး၊ မ (၅၆)ဦး၊ စက်မှုလုပ်သား ကျား (၁၃၃)ဦး၊ မ (၃၃)ဦး စုစုပေါင်း (၃၂၀)ဦး၊ ချောင်းကြီးကြီးကျေးရွာတွင် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင် နေသူ ကျား (၉၉)ဦး၊ မ(၂၃)ဦး၊ စျေးသူစျေးသား ကျား(၃၈)ဦး၊ မ(၄၄)ဦး စုစုပေါင်း (၂၀၄)ဦး၊ ကျေးရွာအုပ်စု (၂)ခုပေါင်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် (၅၂၄)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စိုးနိုင်ဝင်း