ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်တန်းမြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက်ရုံတို့ကိုကြည့်ရှု

ရန်ကုန်   သြဂုတ်  ၂၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါး စိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း ၊ ပုဇွန်မွေး မြူရေးလုပ်ငန်းများ ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာရှိတောင်သူ ဦးထိန်ဝင်း၏ မိုးစပါးအခြောက်ကြဲခင်း ဧက ၂၀ စံပြကွက်ကိုကြည့်ရူစစ်ဆေးပြီး ညောင်ဝိုင်း လေးကျေးရွာ မှော်ဝန်းချောင်းအတွင်းသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီးနှစ်လက်မအထက်ငါးမြစ်ချင်း ငါးအကောင်ရေ ၈သိန်း ၈ သောင်းကိုမှော်ဝန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည်စံချိန်မီရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းတွင်သတ် မှတ်ချက်နှင့်အကျုံးဝင်သည့်ပြည်သူ များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက် တည်ဆောက်ပြီးစီးမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ပြေနှင့်တာဝန်ရှိသူများက ကာကွယ်ဆေးထိုးပေးနေမှုအခြေအ နေများနှင့်တစ်ရက် လျှင် ၄၀ လီတာဆလင်ဒါအိုး ၁၀၀ ကျော်ထွက်ရှိပြီးအောက်ဆီဂျင်လိုအပ်နေသည့်ပြည်သူ့ဆေးရုံမှ ကိုဗစ်ရောဂါလူနာများကို ကုသပေးနေမှုနှင့်လက်ရှိ လူနာ ၅၀ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် မှလိုအပ်သည် များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျောက်တန်းမြို့နယ် SG CRABS WORLD Limited နှင့် MEF International Co.Ltd တို့၏ဂဏန်းပျော့မွေးမြူရေးကန်များအတွင်းအ လုပ်သမားများမှ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊အအေးခန်းအတွင်းပြုပြင်ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ပြုပြင်ထုတ်ပိုးပြီး နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်း ချရန်အအေးခန်း အတွင်းသိုလှောင်သိမ်းဆည်းထားရှိမှုများကိုလည်းကောင်း၊လှည့်လည်ကြည့်ရူစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင် ရွက်နေမှုများကိုလိုက်လံရှင်းလင်းပြ သသည်။

ထို့နောက်ရှင်းလင်းဆောင်တွင်  SG  Crabs World  Limited မန်နေဂျင်း ဒါရိုက်တာ ဦးရဲနောင်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၂၇ ဧကတွင်ရေငန်ကန်အဖြစ်ပြုပြင်ပြီးလုပ်ကွက် (၅)ကွက် တွင် ဒေသခံအလုပ်သမား ၅၀၀ ဦးဖြင့်ဂဏန်းပျော့ ၁၄ သိန်းမွေးမြူထားရှိမှု နှင့်ဂဏန်းပျော့ ထုတ် လုပ်မှုလုပ်ငန်းစဉ်များဖြစ်သည့်ကုန် ကြမ်းဝယ်ယူစုဆောင်းခြင်း၊ မွေးမြူရေးကန်များ တွင်စနစ်တကျမွေးမြူခြင်း၊ အအေးခန်းစက်ရုံတွင် ပြုပြင်ထုတ်လုပ်ခြင်းနှင့် နိုင်ငံတကာ စျေးကွက်သို့တင်ပို့ရောင်းချခြင်းများနှင့်တစ်လလျှင်ဂဏန်းတန်ချိန် ၃၀ မှ ၇၀ ထိတင်ပို့နိုင်မှုများ ကိုလည်းကောင်း ၊MEF International Co.Ltd အထွေထွေမန်နေဂျာ ဦးဇော်မင်းထွန်းမှ ၁၁၅

ဧကတွင် ရေငန်ကန်များအဖြစ်ပြုပြင်ပြီး ဒေသခံအလုပ်သမား ၃၀၆ ဦးဖြင့်ဂဏန်းပျော့ မွေးမြူနေမှု၊ နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချမှုနှင့် ငါးတန်ကောင်ရေ နှစ်သောင်း ထပ်တိုးမွေးမြူထားရှိမှုများနှင့် ကူညီပံ့ပိုးရန်လိုအပ်ချက်များကိုရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် မှ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကိုပြောကြားသည်။

ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျောက်တန်းမြို့နယ်အောင်မိုးခိုင်ကုမ္ပဏီလီမိတက်၏ပုဇွန်မွေးမြူရေးကန် (၁)ကန်လျှင်အကောင်ရေတစ်သိန်းဖြင့် ကန် (၄)တွင်အကောင်ရေလေးသိန်း မွေးမြူထားရှိမှုများနှင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးလျက်ရှိသည့်ပုဇွန် သားဖောက်ကန်များကိုကြည့်ရှုစစ် ဆေးရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးဝန်ကြီးချုပ် မှလိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီလဝါအက်စ်အီးဇက်ဇုန် B ရှိ ထိုင်း-မြန်မာဖက်စပ် ကုမ္ပဏီဖြစ်သော YIG Yangon  Industrial Gas (Thilawa)Co.Ltd သို့ရောက်ရှိရာ တာဝန်ခံ ဦးခင်မောင်ညွန့် နှင့်တာဝန်ရှိသူများကပြည်ပက  Liquid  Oxygen များကိုISO Tanks များဖြင့် မှာယူတင်သွင်း၍ကိုဗစ် - ၁၉ စင်တာများသို့ဖြည့်တင်းပေးနေမှုများကိုလည်းကောင်း ၊သီလဝါ တွင် Liquid Oxygen စက်ရုံတည်ဆောက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်Liquid Oxygen စက်ရုံအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး သည်။YIG စက်ရုံအနေဖြင့်နေ့စဉ် Liquid Oxygen မက်ထရစ်တန် ၆၀ ကျော်ထုတ်လုပ်နိုင်ရန် တည်ဆောက်လျက်ရှိရာယခုအခါ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီးမက်ထရစ်တန် ၄၅၀ သိုလှောင်နိုင်သည့်သိုလှောင်ကန်များတည်ဆောက်ထားရှိကြောင်းသိရသည်။ ဝန်ကြီးချုပ်က စက်ရုံရာနှုန်းပြည့်ပြီးစီးအောင်တည်ဆောက်ရေးအတွက် မှာကြားပြီးလိုအပ်သည့်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)