ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ကျောက်ဖြူ    ဩဂုတ်   ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိပြည်သူ့ဆေးရုံများ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင်သုံးပြုရန်အတွက် Kyaukphyu Electric Power Company Limited မှ ထောက်ပံ့လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ကျောက်ဖြူခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ Kyaukphyu Electric Power Company Limite မှ CEO မစ္စတာကြာရှီးချိန်က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ခိုင်မြဲစွာ တည်ရှိနိုင်စေရန်အတွက်  ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကို နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ကာကွယ်ရေး၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံး ပစ္စည်းများအား ယခုထက် လှူဒါန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ Kyaukphyu Electric Power Company Limited တာဝန်ရှိသူများက Oxygen Concentrator ၉ လုံး၊ Ventilator ၁ လုံးနှင့် Oximeter   ၃၁ လုံးအားပေးအပ် လှူဒါန်းရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ကော်မတီအဖွဲ့ဝင် များက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားများပြန်လည်ပြောကြားရာတွင် ဒေသခံတိုင်းရင်းသား၏ အကျိုးကိုရှေ့ရှုပြီး လှူဒါန်းပေးတဲ့အတွက် ဒေသခံတိုင်းရင်း သားများကိုယ်စား ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုလိုလှူဒါန်းပေးရခြင်းကြောင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး အဓွန့်ရှည် ခိုင်မြဲပါစေလို့ ဆုတောင်းကြောင်းပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းစံဦး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲလွင်မောင်နှင့် ခရိုင်စီမံခန့်ခွဲရေးကော်မတီဝင်များတက်ရောက်ခဲ့သည်။ ၎င်းပစ္စည်းများအား ကျောက် ဖြူခရိုင် ပြည်သူ့ဆေးရုံးကြီးသို့ Oxygen Concentrator(10 Liter) ၂ လုံး၊ Ventilator ၁ လုံးနှင့် Oximeter   ၁၀ လုံး၊ ရမ်းဗြဲမြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrator(5 Liter) ၂ လုံးနှင့် Oximeter  ၅ လုံး၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံသို့  Oxygen Concentrator(10 Liter) ၁ လုံးနှင့် Oximeter  ၅ လုံး၊ အမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ Oxygen Concentrator(10 Liter) ၂ လုံးနှင့် Oximeter  ၁၀ လုံး ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရ သည်။

ဖြိုးဝေလင်း၊တင်ထွန်းဦး