ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေကြီးမှုဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များပြသ

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မြို့နယ်နေပြည်သူများအတွက် အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မိုးရာသီကာလ မြစ်‌ရေကြီးခြင်းကြောင့် ဖြစ်ပေါ်တတ် သည့် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည့် ရေကြီးမှုဘေးအန္တရာယ်မှ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ရေဘေးအန္တရာယ်  အသိပညာပေး မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြေစိုက် နံရံကပ် စာစောင် ပြဘုတ်တွင် ပြသလျက်ရှိသည်။

အဆိုပါ နံရံကပ် စာစောင်ပြသရာတွင်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှု‌ရေးအဖွဲ့ အစည်းများမှမြို့နယ်အတွင်း ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး  ဆောင်ရွက် နေသည့် မှတ်တမ်း ဓာတ်ပုံများ၊ ရေဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊‌ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်နှင့် ရှောင်ကြဉ်ရမည့် အချက်များ စသည့် ရေဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသလျက်ရှိရာ လာရောက်ကြည့်ရှုကြ သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြမွန်က ရှင်းလင်း ပြသပေးခဲ့ ကြောင်း သိရသည်။

ဝေယံ(IPRD)