လဲချားမြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးဒုတိယအကြိမ်ထိုးနှံပေး

လဲချား  ဩဂုတ်၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာတွင် ယနေ့နံနက် ၉နာရီ က‌ထိုးနှံပေးခဲ့​သည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများမှ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အတွင်းမှပထမအကြိမ်ထိုးနှံထားသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား  ဒုတိယအကြိမ်ဆေးလာရောက်ထိုးနှံရာတွင် စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည့်ကျန်းမာရေးစစ်ဆေးပေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးထိုးရန်အတွက်ကျန်းမာရေးကောင်းမွန်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)