မောက်မယ် သြဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးစပါးလျာထားချက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီတို့က ယနေ့နံနက် ၁၀ နာရီက မြို့မကွင်းသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က “ COVID-19 ရောဂါတတိယလှိုင်း ကာလ အတွင်းစီးပွားရေးကုစားမှုအစီအစဉ်နဲ့ မြို့မအုပ်စုရှိ မိုးစပါး စိုက်ဧက ၅၈၉၉ ဧကနှင့် လယ်စပါးစိုက်ဧက၁၄၄၁၂ဧကရှိပြီး မိုးစပါးလျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးပြီး ဖြစ်ပတယ် ” ဟုရှင်းလင်းပြောကြားကြောင်း သိရသည်။
စိုင်းမျိုးသန့်