ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေး

ဟိုပန်    ဩဂုတ်   ၂၈

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ဦးစားပေး၍ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက်၉ နာရီမှစ၍ “ဝ”နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

 ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းထိုက်မှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာများမှပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် တပ်မတော်ဆေးဝန်ထမ်းများမှ အသက်(၆၅)နှစ်အထက်နှင့် အုပ်စုအမျိုးအစားအလိုက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီးကာကွယ်ဆေးထိုးသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်