ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်း သန့်ရှင်ရေးဆောင်ရွက်

မြစ်ကြီးနား      သြဂုတ် ၂၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေး အသင်း အဖွဲ့ဝင်များက  ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနား မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်း ကို ဆောင်ရွက်ခဲ့ကြသည်။

သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ စီတာပူရပ်ကွက်အတွင်း ဆိမ့်ဆာလမ်းပေါ် ရှိ ကုန်တင်ကုန်ချ ကွင်းအနီးမှ ဗလမင်းထင်တံတား လမ်းစုံထိနှင့် တက္ကသိုလ်အနောက်ဘက်ခြံ စည်းရိုးတစ်လျှောက်တို့တွင် လမ်းဘေးဝဲယာ ချုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အသီးသီး တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်ကျင်ကျေးရွာရှိ သီရိဓမ္မတောရကမ္မဌာန်း ကျောင်းတိုက်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆန်အိတ် ၂၀ အိတ်၊ စာသုံးဆီ ပိသာ ၃၀၊ ကုလားပဲ တစ်အိတ်၊ ကြက်ဥအ လုံး ၆၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။