ပန်လုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်

ပန်လုံ ဩဂုတ် ၂၈   

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့  အင်အားဆိုင်ရာ မြို့ဦးစီးရုံးမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍  ပန်းခင်းစီမံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရပ်/ကျေး စာရေးများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ပူးပေါင်းကာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုခွဲ၍ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာရင်းကောက်ယူရာတွင် အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးနိုင်ရန်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးရန်၊ အိမ်ထောင်စုစာရင်းမှ ခွဲဝင် / ခွဲထွက်များ၊ ပုံစံ (၁၀) ပြောင်းဝင် / ပြောင်းထွက်များနှင့် အိမ်ထောင်စု ပျက်စီး/ ပျောက်ဆုံးခြင်းများကို ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေနိုင်ရန် ကြိုတင်စာရင်း ကောက်ယူ ကြခြင်းဖြစ်သည်။ ထိုသို့စာရင်းကောက်ယူခြင်းကို ဩဂုတ်လ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့ထိ ပန်လုံ မြို့ပေါ် (၈) ရပ်ကွက်ကိုလည်းကောင်း၊ စက်တင်ဘာလ ပထမအပတ်တွင် ပန်လုံအနီးရှိ ကျေးရွာ များသို့လည်းကောင်း ကွင်းဆင်း၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ပန်လုံ မြို့ဦးစီးမှူးထံမှ သိရသည်။

ပန်လုံ(ပြန်/ဆက်)