ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မိုင်းခုတ် ဩဂုတ် ၂၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းဆတ် ခရိုင်၊ မိုင်းခုတ်မြို့ တိုက်နယ်ဆေးရုံအတွက် ထောက်ပံ့ငွေ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် မိုင်းခုတ်မြို့ တိုက်နယ် ဆေးရုံအတွက် ငွေကျပ် ငါးသိန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သည့်နှာခေါင်းစည်းMask (၁၀၀၀၀)ခု၊ HandGel (၃၀)ဗူး၊ FaceShield (၃၀၀)ခုနှင့် ငွေကျပ် တန်ဖိုး နှစ်သိန်းရှိ စားသောက်ကုန်များဖြစ်သော ကြက်ဥ (၁၄)ကဒ်၊ ခေါက်ဆွဲခြောက် (၁၂)ဖာနှင့် သောက်ရေသန့်ကဒ်များကို ထောက်ပံ့ပေးအပ်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းခုတ်မြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်း ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။

အားချာ၊ အောင်လွင်ဌေး