ရေနံချောင်း ဩဂုတ် ၂၈
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသူ များနှင့် အခြားထိတွေ့ဆက်စပ်သူများအား တိုက်ကျွေးရန်အတွက် ကိုယ်ခံအားတိုးမြှင့် ပေးသော Vitamin D3 ဆေးရည်များကို ယမန်နေ့ ညနေ ၄ နာရီက ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌဦးအောင်သော်သော်နှင့် တာဝန်ရှိသူများက လူဦးရေ ၁၅၀ တိုက်ကျွေးရန် ဆေးပမာဏပါရှိသည့် တစ်လီတာဘူးစုစုပေါင်း ၂၀၀ ဘူး လူဦးရေသုံးသောင်းစာအတွက် Vitamin D3 ဆေးရည်နှင့် တိုက်ကျွေးရန်ဘူးငယ်များကို ပေးအပ်လှူဒါန်းရာ ရေနံချောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူးဦးရဲလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးသန်းဌေးနှင့် တာဝန်ရှိသူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ လက်ခံရယူခဲ့ကြ သည်။
အဆိုပါလှူဒါန်းရရှိသည့် Vitamin D3 ဆေးရည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါခံစားနေရသူများ၊ ရောဂါပိုးရှိသူနှင့်ထိတွေ့ဆက်စပ်သူများ ဗော်လန် တီယာများ၊ ရောဂါပိုးစစ် ဆေးတွေ့ရှိ မှုနှုန်းများပြားသည့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ များအားဦးစားပေးတိုက်ကျွေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)