တောင်တွင်း ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အ တွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Mobile Tesk Kit စစ်ဆေးယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ပြည်သူ များအားအခမဲ့စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ ချောင်းနက်အုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အား Mobile Tesk Kit စစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာအုပ်စုရုံးရှေ့တွင်အခမဲ့ စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)