ငရုတ်ကောင်း သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ငရုတ်ကောင်းမြို့ (အထက)၌ ယနေ့နံနက် ၁၁နာရီအချိန်မှ စတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခြင်း ဆောင်ရွက်ပေးခဲ့ ကြသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းနေရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးတို့က လိုက်လံကြည့်ရှု့ အားပေးခဲ့သည်။
ငရုတ်ကောင်းမြို့(အထက)ဆေးထိုးအုပ်စု အဖွဲ့အမှတ်(၁၁)တွင် ဇူလိုင်၃၁ရက်နေ့က ပထမအကြိမ် ထိုးနှံခဲ့ကြသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄၄)ဦးအား ယခုဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ ကြီးကြပ်ဆရာ ဟန်သော်ထွန်းထံမှ သိရသည်။
ပြုံးမောင်မောင်