ကျွန်းလှ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ သီတဂူ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) သို့လှူဒါန်းသော အလှူငွေကျပ် သိန်း(၂၀)အား ဩဂုတ်(၂၉)ရက်နေ့ နံနက်(၁၀)နာရီ ခွဲ အချိန်ကသီတဂူ ဗုဒ္ဓတက္ကသိုလ် ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက် နှင့်အညီ လှူဒါန်းကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ကန့်ဘလူခရိုင် စီမံချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစိုးရွှေအောင် နှင့်တာဝန် ရှိသူတို့ကစစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် မှလှူဒါန်းသော ငွေကျပ် သိန်း(၂၀) နှင့်ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ကဆန်(၂)အိတ်၊ ဆီ(၂)ပုံး၊ PPE ဝတ်စုံ(၂၀)စုံ၊ နှာခေါင်းစည်း(Mask) (၅၀၀)ခု၊တို့အားလှူဒါန်းပြီး သီတဂူ ဗုဒ္ဓတက္ကသိုလ် (ကထိက) ဆရာတော် ဦးကုသလ ထံမှ လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှတမ်း ပေးဝေကြ ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ ဌာနဆိုင်များ နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု လျော့ချရေး လုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကလိုအပ်သည်များ ဖြည့်စွက် မှာကြားပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် သစ်ရာမြိုင်ဈေး အားကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ