ငရုတ်ကောင်း သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ငရုတ်ကောင်းမြို့(အထက)၌ ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထိုးနှံပေးခြင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းနေရာသို့ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင် နှင့်ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးတို့က လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ငရုတ်ကောင်းမြို့ (အထက)ဆေးထိုးအုပ်စု အဖွဲ့အမှတ်(၁၁)တွင် ဇူလိုင်လ ၃၁ ရက်နေ့က ပထမအကြိမ် ထိုးနှံခဲ့ကြသော အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄၄)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျေးလက် ကျန်းမာရေးဌာနမှ ကြီးကြပ်ဆရာ ဟန်သော်ထွန်းထံမှသိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)