ကျိုက်လတ်မြို့တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

 

 

ကျိုက်လတ်   သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင်ဒုတိယအကြိမ်ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အထက -၁ ၊ အထက -၃၊ ရုံးဒေါင့်ကျေးရွာစုရပ်(၃)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ်အသက်(၆၅)နှစ်အထက် အဘိုးအဖွားများအား ကိုဗစ်ကာကွယ်‌ဆေးများ ထိုးနှံပေး လျက်ရှိရာ ယနေ့ နံနက် ၉နာရီအချိန်မှစ၍ စုရပ်နေရာများတွင်ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင်ဇူလိုင်လ ၃၁ရက်နေ့က ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် အသက်၆၅နှစ်အထက် အဘိုးအဘွားများ အား အ ထ က-၁စုရပ်တွင်အဘိုးအဘွား(၁၅၀) ဦး၊ အထက-၃စုရပ်တွင်အဘိုးအဘွား( ၁၁၆)ဦး၊ရုံးဒေါင့်ကျေးရွာတွင်(၇၂ ) ဦးအားနံနက်  ၉  နာရီမှ  ညနေ ၃  နာရီအတွင်းဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပြီး၊ကျန်းမာရေးဝန်ထမ်းများကကိုဗစ်.၁၉ ကာကွယ်ဆေးလာရောက်ထိုး နှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေး ပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံပေးကြပြီး ၊ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ ဝင်များ၊   မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတို့ကကြီးကြပ်၍ ရပ် ကွပ်/ကျေးရွာအုပ် ချုပ်ရေးမှူးများ နှင့်လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဌေးဌေးလှိုင်