ဒေါပုံ ဩဂုတ် ၃၀
ဒေါပုံမြို့နယ်အတွင်း အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ယနေ့နံနက်(၉)နာရီမှ စတင်ကာ ဒေါပုံမြို့နယ်အ.ထ.က(၁)နှင့် အ.လ.က(၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိအကြိမ်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ယခု အကြိမ်ထိုးနှံသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် သြဂုတ်(၁)ရက်မှ သြဂုတ်(၄)ရက်ထိ ပထမအကြိမ်ထိုးနှံပေးခဲ့သည့် ဘိုးဘွား (၁၁၇၂)ကိုဒုတိယအကြိမ်ပြန်လည် ထိုးနှံပေးခဲ့ခြင်းဖြစ်ပါသည်။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinophraကို သြဂုတ်လ(၁)ရက်နေ့မှ(၂၇)ရက်နေ့ထိ လူဦးရေ(၃၆၀၀)ထိ ထိုးနှံပေးခဲ့ပြီး ယခင်အကြိမ်များက ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံခြင်းဖြစ်ပြီး ယခုအကြိမ်ဆေးသည် လူတစ်ဦးလျှင် ဆေးတစ်လုံးကိုသာ ထိုးပေးခြင်းဖြစ်ကြောင်း ဒေါပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးထံမှ သိရသည်။
ယင်းကဲ့သို့ ကိုဗစ်-၁၉ ရာဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆေးထိုးနှံခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် ကော်မတီ၀င်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။