နွားထိုးကြီး ဩဂုတ် ၃၀
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် စေတနာရှင် အလှူရှင်များနှင့် မေတ္တာမွန်လူမှုကူညီမှု အသင်းတို့ပူးပေါင်း၍ အမှတ်(၇)ရပ်ကွက်အတွင်းရှိ အောက်ဆီဂျင် စင်ရုံတည်ဆောက်မည့်မြေနေရာ၌ ယနေ့ နံနက် ၉ နာရီကပန္နက်တင်မင်္ဂလာပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆောက်အဦးပန္နက်ကို နွားထိုးကြိးမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးဦးဆောင် နာယက၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဗိုလ်မှူး သန်းစိုးထက်၊ ဗိုလ်မှူးကျော်လင်း၊ ဗိုလ်မှူးနိုင်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များက ပန္နက်တင်ရိုက်ပေးခဲ့ကြသည်။
အဆိုပါစက်ရုံသည် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအား အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းပြီး စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် စက်ရုံ အဆောက်အဦးအကျယ်အလျား ၆၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၄ပေဖြင့် တည်ဆောက်ပြီး စက်ရုံ အဆောက်အဦး၊ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ကျပ်သိန်း ၂၀၀၀ ခန့်ကုန်ကျ မည်ဖြစ်ပြီး စက်ရုံပြီးစီးလည်ပတ်ပါက နေ့စဉ် ၄၀လီတာ၊အလုံး ၄၀အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း နွားထိုးကြီးမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားခဲ့သည်။
သန်းအောင်ဇော်