မော်လမြိုင်ကျွန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံးအား ထောက်ပံ့မှု ပေးအပ်

မော်လမြိုင်ကျွန်း သြဂုတ် ၃၀

လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပျားမွတ်လျော်ချောင်း ကျေးရွာအုပ်စု၊ ပန်းခ ကျေးရွာတွင်  ယမန်နေ့က ဖြစ်ပွားခဲ့သော  မိုသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့်  ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံး ၊အိမ်ထောင်စုတစ်စုအား ကယ်ဆယ် ရေးပစ္စည်းနှင့် ငွေသားပေးအပ်ခြင်းကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က  မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲမှု့ဦးစီးဌာန ရုံးခန်းမတွင် ဆောင်ရွက်ကြောင်း သိရှိရသည်။

ထိုသို့ ပေးအပ်ရာ တွင် ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံး ၊ အိမ်ထောင်စု တစ်စုမှ ဘေးသင့်ဦးရေ(၄)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ အတွက် ၈၄၀၀ ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး ပါ(၁)ပုံးနှင့်  အိမ်ဆောက်ပစ္စည်းဘိုး တစ်သိန်းကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်တိတိအား၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရှိ ရသည်။

သီတာအောင်