ချောက်မြို့တွင် ဧရာဝတီမြစ်ရေတိုးမြှင့်ဝင်ရောက်လာမှုကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရန် ၃၇ စင်တီမီတာ သာလို​

ချောက် ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ဧရာဝတီမြစ်ရေ တိုးမြှင့်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော မြစ်ရေဝင် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက် အသီးသီးတို့မှ အိမ်ထောင်စုများသည်​ ရေ​​ဘေး​ရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ​ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် နာရီအချိန် ဧရာဝတီမြစ်ရေ တိုင်းတာချက်မှာ ၁၄၁၃ စင်တီမီတာသို့ ရောက်ရှိပြီဖြစ်သည်ချောက်မြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၄၅၀ စင်တီမီတာ ဖြစ်သည် စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၃၇ စင်တီမီတာသာ လိုတော့​ကြောင်း ​ချောက်မြို့ မိုး​လေဝသနှင့်ဇလ​ဗေဒ တိုင်းထွာ​ရေး စခန်းမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)