သာယာဝတီ သြဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့ ဆရာစံခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ဇီးကုန်းမြို့နယ်ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ရင်း ကိုဗစ်-၁၉ ကူးစက် ခံခဲ့ရသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် (၁)သိန်းနှုန်းဖြင့် ထောက်ပံ့ရာ လူဦးရေ(၁၂၅)ဦး အတွက် (၁၂၅)သိန်းကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်ရာ ကျန်းမာရေး ဝန်ထမ်းများ ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလူက လက်ခံရယူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန့်ဇော်