သတင်းများ

မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများမှ အိမ်ထောင်စုများ ရေဘေးလွတ်ရာသို့ပြောင်းရွှေ့
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ  မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ မြစ်ရေဝင်ရောက်မှုများကြောင့် ယနေ့ နေ့လယ်ပိုင်းအချိန်ထိ အိမ်ထောင်စုပေါင်း (၂၀၁)စု၊ လူဦးရေ (၃၉၃)ဦးတို့ကို သံကန်တန်း၊ ကျောက်ကုန်း၊ အောက်ကျောင်း၊ သရက်တောဘုန်းကြီးကျောင်း၊ ညောင်ဇင်ဘုန်းကြီး ကျောင်းနှင့် ပဒေသာကျွန်းကျေးရွာ စသည့် ရေဘေးလွတ်ရာနေရာ အသီးသီးတို့တွင် ယာယီပြောင်းရွှေ့ နေရာ ချထားဆောင်ရွက်ပေးခဲ့ရကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပလောက်မြို့၊ ဘုရင့်တောင်ကျေးရွာရှိ ဒေသခံ ကရင်တိုင်းရင်းသားလူမျိုးများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Aug 31,2021
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ ဘုရင့်တောင်ကျေးရွာရှိကရင်တိုင်းရင်းသားလူမျိုးများ အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်း ကိုယနေ့နံနက် (၈)နာရီခွဲ အချိန်ခန့်က ဆင်ထိုးကြီးကျေးရွာအုပ်စု၊ ဘုရင့်တောင်ကျေးရွာ၊ ခရစ်ယာန် ဘုရားကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်မြောက်စတင်ထိုးနှံ
Aug 31,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား များအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံ
Aug 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများနှင့် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်၉နာရီ အချိန်က ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးရှိ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး
Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်ဈေးအတွင်းရှိ ဈေးရောင်းချသူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉)နာရီမှ မွန်းလွဲပိုင်းအထိ အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်− ၁၉ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ်ထိုးပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ  ၌ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 31,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများနှင့် အိမ်ထောင်စုစာရင်းများပေးအပ်
Aug 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ဝန်ထမ်းများက “ပန်းခင်းစီမံချက်”ဖြင့် ဆောင်ရွက်ထားရှိသည့်  နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုစာရင်းများပေးအပ်ပွဲကို ယနေ့၊ နေ့လယ်(၁၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။