မုံရွာမြို့နယ်၌ ဆေးထိုးစုရပ်သုံးခုတို့တွင် (၁၇)ကြိမ်မြောက်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ပြည်သူစုစုပေါင်း(၇၇၉)ဦးအား ဆက်လက်ထိုးနှံပေး
Aug 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သြဂုတ်လ၃ရက်နေ့မှ စတင်၍ သြဂုတ်လ(၂၆)ရက်နေ့အထိ ဦးတည်အုပ်စု(၁၂)စုမှ အသက်(၁၈)ပြည့်ပြီး သူရဟန်းရှင်လူပြည်သူ (၁၃၇၇၆)ဦးအားသတ်မှတ်ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီနယ်မြေခံတပ်မတော်ဆေးအဖွဲ့များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အကြီးအကဲများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ စနစ်တကျထိုးနှံပေးပြီးဖြစ်ရာ ယနေ့နံနက်(၁၀)နာရီမှ စတင်၍ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် (၃၂၈)ဦး၊ တိုင်းဒေသကြီးပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံ အားကစားရုံခန်းမတွင် (၂၇၅)ဦးနှင့် အလုံအခြေခံပညာအထက်တန်းကျောင်းတွင်(၁၇၆)ဦး စသည့် ဆေးထိုးစုရပ် သုံးခုတို့တွင် ဦးတည်အုပ်စု(၁၂)မှ ဦးစားပေးအလိုက် ပြည်သူစုစုပေါင်း(၇၇၉)ဦးကို (၁၇)ကြိမ် မြောက်အဖြစ် ကိုဗစ်၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။