သီပေါ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့သွားရောက်၍ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း များဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ဩဂုတ်လ၂၉ ရက်နေ့တွင် ရွှေမောင်းသီလရှင်စာသင်တိုက်ရှိ သီလရှင် (၁၅၅)ပါး ကိုလည်းကောင်း ၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကုန်းသာကျေးရွာဘုန်းကြီးကျောင်းရှိ ရဟန်း၊ သာမဏေ(၄၆)ပါးနှင့် သီပေါမြို့ရေဟော် ဘုန်းကြီးကျောင်းရှိရဟန်း၊ သာမဏေ (၇၉)ပါး ကိုလည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အား RDT Test Kit ဖြင့် ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းက သီပေါမြို့ ခန္တီရာမစာသင်တိုက်ရှိ ရဟန်း ၊ သာမဏေ(၃၈)ပါးကို ဆက်လက်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ ဘုန်းကြီကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ ပါးစပ်နှာခေါင် စည်း (Mask) ၊ Hand Gel ၊ Hand Spray ဘူးတို့ကို လှူဒါန်းပေးခဲ့ပြီး ကျန်ရှိသည့် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဆက်လက်၍ သွားရောက်စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှသိရသည်။
ခင်လေး