တောင်တွင်းကြီး ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများကို တတိယနေ့အဖြစ် ယနေ့ နံနက်(၉)နာရီက မြို့နယ်သာသနာ့ဗိမာန်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုကူညီဖြည့်ဆည်း ပေးခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် ဩဂုတ်လ (၂၉) ရက်မှ ဩဂုတ်လ(၃၀)ရက်နေ့အထိလူဦးရေ (၁၄၇၀)ဦးတို့အား ကာကွယ်ဆေး များထိုး နှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူ များကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးနိုင်ဝင်း