ကျိုက်မရော သြဂုတ် ၃၁
ကျိုက်မရောမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ ရဟန်းတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို သြဂုတ်လ ၂၇ ရက် မှ စတင်၍ ဆေးထိုးစုရပ် အသီးသီး၌ ထိုးနှံပေးလျက်ရှိသည်။
ထိုကဲ့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက်(၆၅)နှစ်နှင့်အထက် ရဟန်းသံဃာများ၊ သတ်မှတ်ဦးတည် အုပ်စုများအလိုက် ပြည်သူများအား ဆေးမထိုးမှီ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးကာကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကိုဗစ်−၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း ဆေးထိုစုရပ်နေရာများအဖြစ် အ.မ.ကလွန် ကလိုင်းကနိုင်ကျောင်း၊
ရသေ့တိုက်ကျောင်း၊ တောင်ကလေး အ.ထ.က ကျောင်း၊ တရနာ အ.ထ.က ကျောင်း၊ တရနာ အ.ထ.က(ခွဲ) ကျောင်းစသည့် နေရာများတွင် အဖွဲ့ (၅) ဖွဲ့နေရာ (၅)နေရာခွဲ၍ အုပ်စု(၄၇) အုပ်စုကို သတ်မှတ်ရက်များ အလိုက် ထိုးနှံပေးလျက်ရှိပြီး ကျိုက်မရောမြို့ပေါ်၌ ယမန်နေ့က အထိဒုတိယအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံပြီးသူ(၁,၁၁၇)ဦးရှိပြီး ဖြစ်ကြောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ တာဝန်ရှိသူထံမှသိရသည်။
ချိုမြတ်မြတ်ထွေး ပြန်/ဆက်