မင်းဘူး(စကု)မြို့နယ်၌ ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Aug 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအားလုံးအတွက် စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ ကျပ်(၁၂)သိန်ကျော်နှင့် နှာခေါင်းစည်း Mask များ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အသီးသီး လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။