ဖောင်းပြင်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့ နှင့်စေတနာ့ဝန်ထမ်း(volunteer) များအား နေ့တွက်စရိတ်နှင့်ဆီဖိုးငွေများ ထောက်ပံ့ပေးအပ်

ဖောင်းပြင် သြဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့တွင် ကိုဗစ် - ၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့နှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား နေ့တွက်စရိတ်နှင့်ဆီဖိုးငွေများ ထောက်ပံ့ပေး အပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂နာရီအချိန်ခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမိုးဝင်းက ထောက်ပံ့ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကိုဗစ်-၁၉ ရောဂါနှင့် ပက်သက်၍ Quarantine Center ၊ Positive Center နှင့် ကုသေရးစင်တာများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေသော လူမှုရေးအသင်းအဖွဲ့ နှင့် စေတနာ့ဝန်ထမ်း(Volunteer) (၂၉)ဦးအတွက် (၁-၈-၂၀၂၁)ရက်မှ(၈-၈-၂၀၂၁) ထိနေ့တွက် စရိတ်ထောက်ပံ့ငွေ  (၃၈၄၀၀၀)ကျပ်နှင့် ဆီဖိုးထောက်ပံငွေ (၃၇၈၅၀၀) ကျပ် /စုစုပေါင်းထောက်ပံငွေ (၇၆၂၅၀၀)  ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထောက်ပံ့ပေး အပ်ခဲ့ရာ လူမှုရေးအသင်းအဖွဲ့နှင့် စေတနာ့ဝန်ထမ်း(Volunteer)များက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)