မိုးနဲမြို့နယ်တွင် ဦးတည်ရာအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရမည့်သူများကို ဆက်လက် ထိုးနှံပေးလျက်ရှိ

 

မိုးနဲ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ  ၁နာရီအချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက် ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် volunteer များ မြို့နယ် ဌာနဆိုင်ရာများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် ရဲစခန်း၊ ကြက်ခြေနီ အသင်းအဖွဲ့များနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့် အညီလာရောက်ထိုးနှံသူများကို စာရင်း သွင်းပေးခြင်း၊ ကိုယ်အပူချိန် တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး နှာခေါင်းစည်း(mask) တပ်ဆင်မှသာ ဝင်ရောက်ထိုးနှံစေပြီး (၆)ပေအကွာတွင် ထိုင်စေကာ ထိုးနှံပြီးသူများကို ဘေးထွက်ဆိုးကျိုးများ ခံစားရပါက လျင်မြန်စွာ ကုသနိုင်ရေးအတွက် မိနစ်၃၀ကြာ စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီးလာရောက်ထိုးနှံသော အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဈေးသူဈေးသားများ၊ ဟိုတယ်/တည်းခိုခန်း ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊  အပါအဝင် ပထမအကြိမ်ထိုးနှံပြီး၍ ၂၈ရက် ကြာရှိသူများကိုမိုးနဲမြို့နယ်သို့ ဆေးရောက်ရှိမူအ‌ပေါ်မူတည်၍ ယနေ့တွင် လူဦးရေ ၁၂၈ ဦးအား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံပြီး၍ ၂၈ ရက်ပြည့်ပြီးသူများအား (ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို ၃၁ ရက်နေ့တွင် ခေတ္တရပ်နားပြီး ကျန်ရက်များတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

ဇင်ကိုကို မိုးနဲပြန်/ဆက်