ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျိုင်းတောင်း သြဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်  ဦးစာပေးအဆင့်အလိုက်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်တွင် တုန်ဟုန်းဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ ဆေးတပ်ဖွဲ့ဝင်များ နှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အသက် ၆၅ နှစ် နှင့်အထက် ရှိသူများ နှင့် ဦးစားပေးအဆင့်များတွင် ပါဝင်သော အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ သံဃာတော်များ ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ အကျဉ်းသားများ ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ ၊ဟိုတယ်/မိုတယ် နှင့် တည်းခိုခန်းများရှိဝန်ထမ်းများ ၊ စားသောက်ဆိုင်နှင့်ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့်ဈေးများရှိဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm (BIBP) အား ဒုတိယအကြိမ်  စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကျိုင်းတောင်းမြို့၌ အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေး အဆင့်များတွင် ပါဝင်သူ စုစုပေါင်း  ၄၄၂   ဦးကို ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးနန်းဝင်း၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သီဟ(ပြန်/ဆက်)