တောင်ကုတ် ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း၌ ဩဂုတ် ၁၀ ရက် နေ့ပန္နက်တင်ကာ တန်ဘိုးငွေကျပ်သိန်း(၁၅၀)ကျော် အကုန်အကျခံ၍ မြို့မိမြို့ဖများက ဦးဆောင် ကာ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်ငွေဖြင့် တိုင်အမြင့်(၁၃)ပေ အကျယ်(၂၆) ပေပတ်လည် အုတ်ခုံအမြင့် (၅)ပေ သံတိုင်သံဖရိန် အုပ်ညှပ်သွပ်မိုးဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင် စက်ရုံမှာ ယနေ့ နံနက်က (၇၀%) ကျော်ပြီးစီးပြီဖြစ်ကြောင်းနှင့် ယနေ့ နေ့လယ်က နေလသစ္စာ ကားဖြင့် အောက်ဆီဂျင်ထုတ် စက်သစ်တစ်လုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်တိန်နာအတွင်း တပ်ဆင်ထားသော အောက်ဆီဂျင်စက်မှာ စေတနာ ရှင်အလှူရှင် ရန်ကုန်မြို့စော်ဘွားကြီးကုန်းဝင်း ဦးခင်မောင်ဝင်း+ဒေါ်စိုးမိုးသူရွှေ မေတ္တာအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး မိသားစုက ဝယ်ယူလှူဒါန်းပြီး ရန်ကုန်ဆိတ်ကမ်းအရောက် တစ်လုံးဒေါ်လာ (၄၇၀၀)တန်ကွန်တိန်နာအတွင်း တပ်ဆင်းပြီး အောက်ဆီဂျင်ထုတ်စက် သစ်(၂)လုံး ဝယ်ယူထားပြီး ဖြစ်ရာ ယနေ့ နေ့လယ်က စက်သစ်(၁)လုံး နေလသစ္စာကားဖြင့် ရောက်ရှိပြီးဖြစ်ရာ နေလသစ္စာမှ ကရိန်းဖြင့် စက်ရုံအတွင်း ရွှေ့ပြောင်းလျက်ရှိပြီး ၎င်းအောက်ဆီဂျင်စက်သစ်ဖြင့် အောက်စီဂျင်ထုတ် လုပ်နိုင်ပါက စက်တစ်လုံးလျှင် တစ်နေ့ အောက်ဆီဂျင်(၈၀)အိုး ထွက်ရှိမည်ဖြစ်ရာ အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။