မိုင်းကိုင်မြို့နယ်၊ လွယ်ပူတောက်နေ အသက်ကြီးဘိုးဘွား အပါအဝင် ၃ ဦး အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းကိုင်    ဩဂုတ်    ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ အတည်ပြုလူနာများကို မြို့ပေါ်ရပ်ကွက်တွင်သာမက ကျေးရွာများ၌လည်း အတည်ပြုလူနာများ စစ်ဆေးတွေ့ရှိနေရပြီး ယနေ့မနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လွယ်ပူတောက်တွင်နေထိုင်သော အသက်ကြီးဘိုးဘွားအပါအဝင် ၃ ဦးကို အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ အတည်ပြုလူနာများသည် ခရီးသွားရာဇဝင်များမရှိကြောင်း ၊ အသက်ကြီးအဘိုး နေမကောင်း၍  မိသားစုဝင်များနှင့်အတူ    မြို့နယ်ပြည်သူ့ဆေးရုံသို့  ကျန်းမာရေး လာရောက် ပြသရာ  ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိရသဖြင့်  မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက  စစ်ဆေးခဲ့ရာ  အသက် ၇၃ နှစ်အရွယ် အဘိုးတစ်ဦး ၊ အသက် ၆၀ နှစ်အရွယ် အဘွားတစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး ၊စုစုပေါင်း အတည်ပြုလူနာ ၃ ဦး  စစ်ဆေးတွေ့ရှိခဲ့ပြီး ထိတွေ့ဆက်နွယ်သူများကိုလည်း ဆက်လက်စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိသဖြင့် နေအိမ်အသီးသီးတွင် စောင့်ကြပ်ကြည့်မှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်၍  မိုင်းကိုင်မြို့နယ်တွင် ယနေ့နေ့လည်ပိုင်းအချိန်အထိ  စစ်ဆေးတွေ့ရှိခဲ့သော  အတည်ပြုလူနာ  ၆၉ ဦး ၊ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ  ၅၁ ဦး ၊ ဆေးရုံတွင် ဆေးကုသမှုခံယူနေ သူ ၁၈ ဦးရှိကြောင်း  ကျန်းမာရေးဌာန၏ စာရင်းများအရ  သိရှိရသည်။

မြို့နယ်ပြန်/ဆက်