ဝေါ ဩဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယ နံနက် ၁၀း၀၀ နာရီက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အတွက် ကိုဗစ် -၁၉ ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်း ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဝေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန COVID-19 ကာလ အတွင်း Talk Show ဆွေးနွေးပွဲကျင်းပရခြင်း ရှင်းလင်းပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်း ကကိုဗစ် -၁၉ ကာလအတွင်း မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄) ရပ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ဝေါမြို့နယ် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ အနေဖြင့် ကိုဗစ် -၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် Quarantine Center များ၊စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ကိုဗစ် -၁၉ ကာကွယ်စေရန် ပိုးသတ်ဆေးဖျန်း ခြင်း၊မြို့နယ်ဌာဆိုင်နှင့် ပူးပေါင်း အဖွဲ့ဖြင့် ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ဆေးထိုးခြင်း၊နှာခေါင်းစည်း မတ် (စ်) များဖြန်ဝေခြင်း၊ ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရှင်းလင်းပြော ကြားခဲ့သည်။
အောင်မြတ်လင်း