မင်းဘူး(စကု)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရေပြင်ရှာဖွေကူညီ ကယ်ဆယ် ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

 

မင်းဘူး ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ် ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန် ဆောင်ရွက်နိုင်စေရန်အတွက် သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီး ေလျှံ မှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကူဆယ်ရေးလုပ်ငန်း များ အချိန်နှင့်တပြေညီ ဆောင်ရွက်နိုင်ရေး ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ကာ ခရိုင်/ မြို့နယ် သန္တေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှပ်ပြေးယာဉ် စက်လှေ (၂)စီး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးကြသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ခရိုင်/ မြို့နယ် မီးသတ်ဦးစီးမှူးရုံးများ နှင့် သက်ဆိုရာနယ်မြေခံ မီးသတ်စခန်းများသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

 

မောင်မောင်