ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအား ကျန်းမာရေး အထောက်အကူပြု ကာကွယ်ရေးပစ္စည်း(၁၂)မျိုး ထောက်ပံပေးအပ်

ရမည်းသင်း    ဩဂုတ်   ၂၉

ရမည်းသင်းမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသော Volunteer (၇၅)ဦးအားကျန်းမာရေးအထောက်အကူပြု ကာကွယ်ရေး ပစ္စည်း(၁၂)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂နာရီက ရမည်းသင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

  အဆိုပါ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားတွင် ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေးတပ်၊တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦးက အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ခရိုင် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ကာကွယ်ဆေး ထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများအား စနစ်တကျစီမံဆောင်ရွက်ခြင်းနှင့်  တိုင်းအစိုးရအဖွဲ့မှ ကျန်းမာရေးအထောက်အကူပြု ကာကွယ်ရေးပစ္စည်း(၁၂)မျိုး ရရှိမှုနှင့် Volunteer များအား  ထောက်ပံ့ပေးမှုတို့ကို   ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး က PPE Level-3 ဝတ်စုံနှင့် N-95 Mark များကိုလည်းကောင်း၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးမောင်ရွှေသိန်းက Surgical  Markနှင့် Hand  Gel များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ယာယီရဲမှူး မြင့်ဇော်ဦးမှ Face  Shield နှင့်ရော်ဘာ Glove များကိုလည်းကောင်း၊ ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအိအိခင်မှ ပိုးသတ်ဆေးရည်များနှင့် ဆေးဖြန်းပုံတို့ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်မှ အရက်ပြန်ပုလင်းနှင့် Hand  Speaker ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင် မြို့မိမြို့ဖ ဦးဝင်းမြင့်မှ ဗီတာမင်စီ အားဆေးနှင့် Enervon-C အားဆေးကိုလည်းကောင်း  အသီးသီး ထောက်ပံ့ ပေးအပ်ရာ Volunteer များမှ  လက်ခံရယူကြကြောင်း  သတင်းရရှိသည်။

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ (တတိယလှိုင်း) ကာလ ရမည်းသင်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနေမှုတို့တွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသော Volunteer(၇၅)ဦးအား ကျန်းမာရေးအထောက်အကူပြု ကာကွယ်ရေး ပစ္စည်း(၁၂)မျိုးဖြစ်သည့် PPE Level-3 ဝတ်စုံ(၃၇၅)စုံ၊ N-95 Mark(၄၅၀)ခု၊ Surgical  Mark (၅၂၅၀)ခု၊Hand  Gel(၄၅၀)ဗူး၊ Face  Shield (၁၅၀၀)ခု၊ရော်ဘာ Glove (၃၀၀၀)ခု၊ပိုးသတ်ဆေးရည်(၃၀၀)လီထာ၊ဆေးဖြန်းပုံ(၁၅၀)ပုံ၊ အရက်ပြန်ပုလင်း(၁၈၇၅) ပုလင်း၊ Hand  Speaker(၇၅)ခု၊ ဗီတာမင်စီ အားဆေး (၄၅၀)လုံးနှင့် Enervon-C အားဆေး(၂၆၂၅)လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

 ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)