မလှိုင်မြို့နယ်၌ အသက်( ၆၅ ) နှစ်နှင့်အထက် အဘိုးအဘွား များအား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံ

မလှိုင်  ဩဂုတ် ၃၀

 မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အသက်( ၆၅ ) နှစ်နှင့်အထက် အဘိုးအဘွားနှင့် ဦးတည်အုပ်စုအလိုက် (Sinopharm) အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး(၂၈) ရက် ပြည့်ပြီးသူများကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းက စုရပ်(၄)နေရာ၌ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြောင်းသိရသည် ။

အဆိုပါနေ့က ကမ္ဘားဖြူကျေးရွာအုပ်စု၊ စုရပ်ဖြစ်သည့် ကမ္ဘားဖြူ အ.မ.ကကျောင်းတွင်(၁၆ ) ဦး၊ ထန်းတောကျေးရွာအုပ်စု၊ စုရပ်ဖြစ်သည့် ထန်းတော အ.လ.က ကျောင်းတွင်(၃၅) ဦး၊ ပန်းအိုင် ကျေးရွာအုပ်စု၊ စုရပ်ဖြစ်သည့် ပန်းအိုင် အ.ထ.ကကျောင်းတွင် ( ၈၂) ဦး၊ ဒဟတ္တန်း၊ကျပ်ဆည်၊ လယ်ဗျား၊ အုပ်ကြီး၊ဖျောက်ဆိပ်ကုန်း၊ ဆည်တို၊ ယာကြီးကုန်း၊ လဲတော၊ ရေချိုဘူတာ စသည့် ကျေးရွာများ၏ စုရပ်ဖြစ်သည့် ဆည်တို အ.ထ.က ကျောင်းတွင် အသက်( ၆၅ )နှစ်နှင့် အထက် အဘိုးအဘွား ( ၃၉၃) ဦး နှင့် သံဃာ(၅)ပါး ၊ စုစုပေါင်း (၅၃၁ ) ဦးထိုးနှံပေးခဲ့ကြောင်းသိရသည်။  ဒုတိယအကြိမ်ဖြစ် ယနေ့ထိုးနှံပေးခဲ့သူများမှာ (၁. ၈.၂ဝ၂၁ ) ရက်နေ့တွင်  ကာကွယ်ဆေး ပထမ အကြိမ် ထိုးပြီးသူ အဘိုးအဘွားများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည် ။

ကာကွယ်ဆေးထိုးနှံရာတွင်စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးဌေးသန်း ၊ ဦးကျော်ငြိမ်း နှင့်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်းမောင်တို့က သွားရောက်ကြည့်ရှု့အားပေးကာ ကာကွယ် ဆေး (၂) ကြိမ်ထိုးပြီးကြောင်း မှတ်တမ်း စာရွက်များကို သေချာသိမ်းဆည်းထားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)