မိုင်းခတ်မြို့နယ် လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

မိုင်းခတ် ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သော မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းသို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ရင်း(ကျိုင်းတုံ)မှ Maskအခုရေ(၁၀၀၀)၊ HandGel(၅)ဗူး၊ ပိုးသတ် ဆေး(၅)ဗူးနှင့်ဆေးဖြန်းပုံး(၁)ပုံးတို့ကို ဩဂုတ် ၂၈ရက် နေ့ညနေကပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းခတ်မေတ္တာလူမှုကူညီရေးအသင်းသည်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးခြင်း၊ အရေးပေါ်သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်း၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့စဉ်တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။