သံတွဲ သြဂုတ် ၃၁
သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ထိ ဒွါရာဝတီမြို့နယ်ခန်မ၌ လူမျိုး မရွေး ဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်း(၄၂)ဦး၊ ဟိုတယ်၊ တည်းခိုခန်း ဝန်ထမ်း (၃၅)ဦး ၊ သီလရှင်/ဘုန်းကြီး(၅)ပါး ၊ Super Market ၊ ဈေးသည် (၁၃၆)ဦး ၊ အသက် ၆၅-နှစ် နှင့်အထက် (၁၇၀) ဦး ၊ ပုဂ္ဂလိက/အစိုးရကျန်းမာရေးဝန်ထမ်း( ၁၃)ဦး၊ Voluneer ပရဟိတ(၁၀)ဦး၊ ဘိုးဘွားရိပ်သာ (၂၀)ဦး ၊ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၄၅)ဦး၊ ပုဂ္ဂလိကအလုပ်ရုံ၊စက်ရုံ(၄၄)ဦး၊ စုစုပေါင်း (၅၂၀) ဦး တို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင် ခဲ့ကြောင်းသိရသည်။
ယခုထိုးနှံပေးလျက်ရှိသောကာကွယ်ဆေး မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sino pharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့်အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်