ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ကျွန်းလှ စက်တင်ဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် အသက် ၆၅ နှစ်နှင့်အထက်ဘိုးဘွားများ၊ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိရာ ယနေ့ ၁၁၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ကျွန်းလှမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီသူ ၃၉၉၅ ရှိကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၃ ရက်ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ ၁၉၃၀ ဦးထိုးနှံပြီးကြောင်း၊ ဆေးထိုးရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး စနစ်တကျ ထိုးနှံပေးကြကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)