ခင်ဦး စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော ပြည်သူများကို စက်တင်ဘာလ (၂)ရက်နေ့မှစတင်ကာ ဆေးထိုးရန် သတ်မှတ်နေရာများတွင်ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်ထိုးနှံပေးရာတွင် အသက် (၆၅)နှစ်နှင့်အထက်( ၆၅၀)ဦး၊ ပရိဟိတအသင်းအဖွဲ့များ(၅၀၄)ဦး၊ ဘုန်တော်ကြီး၊ သီလရှင်၊ ဘာသာရေးကျောင်း (၂၀၀)ဦး၊ နိုင်ငံ့ဝန်ထမ်း(၅၆၅)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၁၁၂)ဦး ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၇)ဦး၊ ကုန်စုံဆိုင်နှင့် ဈေးသူ/ဈေးသားများ(၉၂၅)ဦး စုစုပေါင်း (၂၉၆၃)ဦးကို စက်တင်ဘာလ (၈)ရက်နေ့အထိ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသောပြည်သူများကို မြို့လယ် ဓမ္မာရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၈၇၅)ဦး၊ သေဆုံးလူနာ(၂၄)ဦး ခင်ဦးပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသသူ(၂၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၈၀၂)ဦးရှိ ကြောင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်