မိုင်းယန်း စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုနှင့် ဝါတွင်းကာလအတွင်း သီတင်းသုံးတော်မူကြကုန်သော သံဃာတော်များ ဆွမ်း၊ ကွမ်းများ အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်နီ၊ ကြာဆံနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်ကပ်လှူဒါန်းပေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမင်းဆိုင်နှင့် စည်ပင်သာယာရေးဌာနဝန်ထမ်းမိသားစုများမှ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြုဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော်(၂)အိတ်၊ ဆီ(၁၀)ပိဿာပါ (၂)ပုံး၊ ပဲ(၆)ပိဿာ၊ ကြက်သွန်နီ(၁)အိတ်၊ ကြာဆံ(၁)အိတ်၊ အသားဗူး(၁၂)ဗူးပါ(၄)ကပ်နှင့် ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)