ဒေးဒရဲ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဈေးရောင်း ချသူများ၊ အနှေးယာဉ်လုပ်သားများ၊ မော်တော်ယာဉ်မောင်းနှင်သူများကို စက်တင်ဘာလ ၇ ရက် နေ့မှ စ၍ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒေးဒရဲမြို့ အမှတ်(၁)၊ အမှတ်(၂) နှင့်အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ လည်းကောင်း၊ ကျေးလက်နေပြည်သူများအတွက် အကယ်တိုက်နယ်၊နေရောင်ကာတိုက်နယ် ၊ကျုံဒါး တိုက်နယ်၊ ဆူးကလပ်တိုက်နယ်ဆေးရုံအပိုင်များအတွင်းရှိ ကျေးရွာများနှင့် ဘိုးတုတ်ကျေးရွာများတွင် နေ့စဉ် နံနက် ၈နာရီမှ ညနေ ၃နာရီထိ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းပေးခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
အေဇာလင်း